လေ့လာစရာ စာမျက်နှာများ

Wednesday, September 9, 2015

အဖွင့် အမှာစကား

ဤ ရှစ်လေးလုံး မြန်မာ့သွေး စာမျက်နှာအား ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ

၁။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ မှ ယနေ့အထိ ဖြတ်သန်းလာခဲ့သူများ ၏ ကိုယ်တွေ့ ဖြစ်ရပ်မှန်
    များကို မှတ်တမ်းတင် ထားနှိုင်ရေး ပူးပေါင်း ပါဝင် ရေးသားပြီး မှတ်တမ်းလွှာအဖြစ် ထားရှိရန်။

၂။ ပြည်တွင်း ပြည်ပရှိ ၈၈ မျိုဆက်များအားလုံး မှ မိမိတို့ မှတ်တမ်းများအရ ကျဆုံးခဲ့ကြသူများ၏ အမည်  
     စာရင်းများကို လက်လှမ်းမှိသလောက်  ပေးပို့ စုဆောင်းပြီး မှတ်တမ်းအဖြစ် ထားရှိရန်။

၃။ ၈၈ မှ သည် ယနေ့ အချိန်ကာလအထိ ရေးသားထားချက်များ ကို စုစည်း၍ ၄င်း သတင်းမီဒီယာ စာမျက်နှာ
     နှင့် ပုဂ္ဂိုလ် ရေးအရ ရေးသားထားသော စာမျက်နှာများမှ ( မပြီးဆုံးသေးသော ဒီမိုကရေစီတော်လှန်ရေး )
     နှင့် သက်ဆိုင်သော ရေးသားချက်များကို  စုပေါင်းရှာဖွေပြီး မှတ်တမ်းတင် ဖေါ်ပြသွားရန်။

ရည်ရွယ်ချက်ဖြင့် ဤ စာမျက်နှာအား ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။


မေတ္တာရပ်ခံချက်။

ရှစ်လေးလုံး အရေးအခင်းကာလ နှင့်ပါတ်သက်ပြီး ဖြစ်ရပ်မှန်များကို ရေးသားထားသူများ ၊ ၈၈၈၈ နောက်ပိုင်း
မြေပေါ်-မြေအောက် လှုတ်ရှားမှု့ မှတ်တမ်းများ။ ကိုယ်တွေ့ ဖြစ်ရပ်များ မှတ်တမ်းပြုစုထားသူများ အနေဖြင့်
မိမိ တို့၏ ရေးသားထားချက်များကို ဤ စာမျက်နှာတွင်ထည့်သွင်းဖေါ်ပြပေးရန်အတွက်( goldenmyanmar1234@gmail.com သို့ ပေးပိုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်



8888 မြန်မာသွေး


Tuesday, September 10, 2013

သတိပေးခြင်း

ဤ စာမျက်နှာတွင် ပုဂ္ဂိုလ် ရေး အရဖြစ်စေ အဖွဲ့အစည်းများနှင့် ပါတ်သက်၍ ဖြစ်စေ ထိခိုက် နစ်နာစေမည့်
ရေးသားချက်များ ရေးသားခြင်း၊ မမှန်မကန်သော သတင်းအချက်အလက်များ ရေးသားခြင်း၊ လူမျိုးရေး
ဘာသာရေး နှင့် ပါတ်သက်သည့် အမျိုး ဘာသာ ၊ သာသနာ ကို ထိခိုက်စေမည့် ရေးသားခြင်း၊ အခြားသော
ထိခိုက်နစ်နာစေသည့် ရေးသားချက်များ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။


8888 မြန်မာ့သွေး

Wednesday, October 17, 2012

၂၁ နှစ်ခရီးရဲ့ အိမ်အပြန် အမှတ်တရများ (၁)

၂၁ နှစ်ကြာ တိုင်းပြည်က ထွက်လာ ခဲ့ပြီးနောက် နောက်တစ်ပတ် ထဲမှာ ကျွန်တော် မြန်မာပြည် ကို အပြီး
ပြန်တော့မယ်။ ကိုယ့်အိမ်ကိုယ့်ယာ လို့ သတ်မှတ်ပြီး ပြန်နေဖို့ပါ။ ၁၉၈၈ ကစပြီး လျှောက်ခဲ့တဲ့ ဒီခရီးမှာ ဒီမိုကရေစီ အရေး လှုပ်ရှားသူ အတိုက်အခံ တစ်ယောက် အနေနဲ့ တင်မက ပြည်ပရောက် မြန်မာ
တစ်ယောက် အနေနဲ့ပါ ဖြတ်သန်း ခဲ့ရတယ်။ ဒီ အတွေ့အကြုံ တွေကြားထဲမှာ နိုင်ငံရေး ရပ်တည်ချက်
တွေသာမက ကိုယ့်ဘဝနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း အပြောင်း အလဲဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေ ချခဲ့ရတယ်။ ဒီခရီးကို ဘယ်လို လျှောက်ခဲ့တယ်၊ အချိုးအကွေ့ တွေ ဘယ်လိုကြုံပြီး ဘယ်လို ဆုံးဖြတ် ချက်တွေ ချခဲ့ပြောင်းခဲ့တယ် ဆိုတဲ့ တစ်စိတ် တစ်ဒေသကို ဝေငှ ချင်တာပါ။

သမိုင်းတစ်ခုကို အတူဖြတ်ကြတယ် ဆိုပေမယ့် အဲဒီသမိုင်းကို မြင်တဲ့အမြင် ဘဝဇာတ်ခုံ ပေါ်မှာ ကရတဲ့ ဇာတ်ဝင်ခန်း တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တူကြမလဲ။ ဒီဆောင်းပါး ကတော့ အိမ်က ထွက်ပြီး အိမ်ကိုပြန်လာ ခဲ့တဲ့ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ ဖြတ်သန်း ခဲ့ရတဲ့ ခရီး အပိုင်းအစ တစ်ခုပါ။

Wednesday, September 12, 2012

၈၈၈၈ အရေးအခင်း မှတ်တမ်း စာမျက်နှာများ

၁။( ဤ နေရာကို နှိပ်၍ ) မောင်ကျောင်းသား ၏ စာမျက်နှမှ ( ၈၈၈၈ အရေးအခင်း (ရှစ်လေးလုံး)

၂။( ဤနေရာကိုနှိပ်၍ ) မြတ်လေးငုံ ၏ စာမျက်နှာမှ  ( ရန်ကုန်မြို့ရှိ လမ်းများ ပေါ်၌ အလွန် ကြမ်းကြုတ်သော လူသတ်ပွဲများ ဖြစ်ပွား ခဲ့သော ၈၈၈၈ အရေးအခင်း ကြီး )

၃။ ၁၉၈၈ မတ်လ ၁၂ ရက် နှင့် ၁၃ ရက်၊ ရန်ကုန် စက်မှုတက္ကသိုလ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ
     ( PDF )
RIT-1988 March 12-13